တဂိုး
တစ်ကိုယ်တော် အောင်မြင်မှု့အတွက်
သင်၏ သနား ဂရုဏကို ခံယူလိုသော
သတ္တိကြောင်သူ မဖြစ်လိုပါ
ရှုံးနိမ့်သည့် အခါတွင်မှု
သင့် လက်ကို ဆုပ်ကိုင်ထားနိင်ခွင့်
ရရှိသော သူသာ ဖြစ်ရလိုပါ၏......
တဂိုး
အနမ်းတစ်ရှိုက်စာ
“ လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏ ။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာအထိ
သေးငယ်သွားတော့၏ ”
ရာဘန္ဒြာနတ်(သ်)တဂိုး
မင်းကို ချစ်တယ်
ငါ့နှလုံးသားသည်
လောက ကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခက်ကာ
“ မင်းကို ချစ်တယ် ”
ဆိုသည့် စကားကို ရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏ ။
ရာဘန္ဒြာနတ်(သ်)တဂိုး
No comments:
Post a Comment